ဖျာပုံ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့ စာအုပ်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က လိုက်လံငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များနှင့် အသိပညာဗဟုသုတများစွာ ရရှိစေမည့် စာအုပ်များကို ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ လိုက်လံငှားရမ်း ဆောင်ရွက်ခဲ့ရာ စာကြည့်တိုက်အသင်းဝင် (၇)ဦး၊ သုတ(၁၀)အုပ်၊ ရသ(၁၅)အုပ်တို့အား အခမဲ့ ငှားရမ်းပေးနိုင်ခဲ့သည်။ ထိုသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များအား ဌာနဆိုင်ရာများသို့ အပတ်စဉ် လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)