ပေါက်ခေါင်း ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ညပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းများ တိုက်ခတ်မှုကြောင့် နေအိမ်(၁၂)လုံး အမိုးလန် ပျက်စီးပြီး၊ နေအိမ်(၁)လုံးပြိုလဲပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါမိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ငါးခူအိုင်ကျေးရွာအုပ်စုတွင် နေအိမ် (၁)လုံးပြိုလဲပြီး နေအိမ်(၃)လုံး အမိုးလန်ပျက်စီး၊ ရပ်သစ်ကျေးရွာအုပ်စုတွင် လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီး၊ ညောင်ကုန်းကျေးရွာအုပ်စာတွင် လူနေအိမ်(၆)လုံး အမိုးလန်ပျက်စီး၊မြို့ တောင်ကျေးရွာအုပ်စုတွင် လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီး၊ စုစုပေါင်းလူနေအိမ်(၁၂)လုံး အမိုးလန်ပျက်စီးပြီး၊ နေအိမ်(၁)လုံး ပြိုလဲပျက်စီး ခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။ လေဘေးသင့် အိမ်ထောင်စုဝင်များအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန်ခွဲမှုကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များနှင့် ရပ်မိရပ်ဖများက ပြန်လည် နေထိုင်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်