ကော့ကရိတ်မြို့တွင် လွှတ်​တော်ကိုယ်စားလှယ်​လောင်း အမည်စာရင်းများ​ကြေညာ

ကော့ကရိတ် စက်တင်ဘာ

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြုလုပ် သွားမည်ဖြစ်ရာ ဩဂုတ် (၃၀) ရက်နေ့မှစတင်၍ ​ကော့ကရိတ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော်၊  အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စာရင်းများကို မြို့နယ်ကော်မရှင်ခွဲရုံးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာ ထားကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

​ကော့ကရိတ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များစာရင်းမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် (၆) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်မဲဆန္ဒနယ်အမှတ် (နေရာတွင် (၅) ဦး၊ မဲဆန္ဒနယ်အမှတ် (တွင် ()ဦး၊ ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် (၆) ဦး၊ ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) တွင် (၆) ဦး၊ ကရင်ပြည်နယ် လွတ်​တော်မဲဆန္ဒနယ်တွင် ဗမာတိုင်းရင်းသား ကိုယ်စားလှယ် (၁၀ဦး၊ မွန်တိုင်းရင်းသား ကိုယ်စားလှယ် () ဦး၊ ပအိုဝ့်တိုင်းရင်းသားကိုယ်စားလှယ် () ဦး၊ စုစုပေါင်း ကိုယ်စားလှယ် လောင်း (၅၆) ဦးစာရင်းအား ကပ်ထားကြေညာပေးထားကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်/ပြန်ဆက်)