ဟင်္သာတ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတ တက္ကသိုလ်တွင် နေ့သင်တန်းများကို စတင် ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် သက်ဆိုင်ရာဌာနများအလိုက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းများတွင် ဟင်္သာတတက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာဌာန ၁၃ ခုတို့မှ သင်ကြားရေး ဆရာ/ဆရာမ (၁၀၄)ဦးတို့အား မွမ်းမံသင်တန်းများကို သက်ဆိုင်ရာဌာနအသီးသီး ၌ သင်ကြားပို့ချပေးလျက်ရှိရာ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ သီင်္ဂီရွှေ ဦးဆောင်၍ ဒုတိယပါမောက္ခချုပ်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ သင်ကြား/စီမံဌာနများနှင့် ဘာသာရပ် ဆိုင်ရာအသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများက ပူးပေါင်း၍ သင်ကြားရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ