ပေါင်းတည် စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မူလတန်းပညာရေး မိသားစုနာရေးနှင့် ပင်စင်ထောက်ပံ့ရေးအဖွဲ့မှ ပင်စင်ယူ သည့် ဆရာမကြီးတစ်ဦးအား ကန်တော့ငွေ ပေးအပ်ထောက်ပံ့သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အရှေ့လမ်း အမကကျောင်း၌ ကျင်းပပြုသည်။
အခမ်းအနားတွင် ပေါင်းတည်မြို့နယ် မူလတန်းပညာရေးမိသားစုနာရေးနှင့် ပင်စင်ထောက်ပံ့ရေးအဖွဲ့ ဥက္ကဋ္ဌ အုပ်ဆရာကြီး ဦးတင်မြိုင်ထူးက မုဒိတာစကားပြောကြားသည်။ ထို့နောက် မူလတန်းပညာရေး မိသားစုနာရေးနှင့် ပင်စင်ထောက်ပံ့ရေး အဖွဲ့ဝင် (၈၉၇) ဦးမှ ထောက်ပံ့ကန်တော့ငွေ ကျပ်(၁၇၉၄၀၀ဝိ) အား အဖွဲ့၏ ကိုယ်စားကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းလှိုင်က လယ်ပြ(၃) အမကကင်မွန်းခြုံကျောင်း မှ အငြိမ်းစားဆရာမ ဒေါ်ညွန့်ညွန့်ဌေးအား ကန်တော့၍ ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပေါင်းတည်မြို့နယ် မူလတန်းပညာရေး မိသားစုနာရေးနှင့် ပင်စင်ထောက်ပံ့ရေးအဖွဲ့ကို ၂၀၁၇ ခုနှစ် မတ်လမှ စတင်ဖွဲ့စည်း ခဲ့ပြီး ယနေ့အထိ အငြိမ်းစားဆရာ/ဆရာမ(၆၂)ဦးအား ထောက်ပံ့ကန်တော့ ခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း အဖွဲ့ဝင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဦးထံမှ သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)