ဟင်္သာတ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် အခြေခံပညာ Grade-5 သင်ရိုးသစ် TOT (ဗဟိုအဆင့် နည်းပြသင်တန်း)ကို ဟင်္သာတမြို့ အထက (၅) အမျိုးသား ခန်းမတွင် ယနေ့နံနက် ၉ နာရီမှ စတင်၍ ဟင်္သာတမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများမှ သင်တန်းသားသင်တန်းသူ ဆရာ/ဆရာမ ( ၉၄)ဦး တက်ရောက်ခဲ့သည်။
သင်တန်းကာလကို ၆ ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ OnLine စနစ်ဖြင့် တက်ရောက်သင်ယူရမည်ဖြစ်ပြီး သင်တန်းပြီးမြောက်ပါက အဆိုပါ နည်းပြဆရာ/ဆရာမများမှ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကို ဆက်လက် ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဦးလှမြင့်ထံက သိရသည်။
ကိုဇော်-ဟင်္သာတ