ကရသူရိမြို့၊ အေးမြသာယာကျေးရွာ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

ကရသူရိ ဧပြီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ကော့ဗမာကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်၈နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သက်ဆိုင်ရာအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊   ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်  ရပ်/စာရေးတို့လိုက်ပါပြီး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများ၊ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ၊ ပထမအကြိမ်ထိုးနှံထားပြီးသူများနှင့်  ဒုတိယအကြိမ်ဆက်လက်ထိုးနှံရန် ကျန်ရှိသူများကို ကာကွယ်ဆေးပြီးစီးအောင် ထိုးနှံ နိုင်ရေး    ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများကို  ဆေးထိုး လက်မှတ်များပေးအပ်ခဲ့ကြောင်း၊ ထို့အပြင်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း လိုက်နာနေထိုင်ရေးတို့ကို အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)