ကြံခင်း ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုနေ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား ကာကွယ်ဆေး (Booster)ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က ရေနံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြိုနယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ရာ ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီး (၆)လပြည့်ပြီးသူများကို (Booster Dose) စတင်ထိုးနှံပေးရာ ပြည်သူ(၂၄၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံစုရပ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက် များနှင့် အညီ ထိုးနှံပေးနိုင်ရေးအတွက် စိစစ်ကြီးကြပ်ရေးတာဝန်ကျ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် သက်ဆိုင်ရာကျန်းမာရေးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ကာကွယ်ဆေးထိုးပြီးပါက ဘေးထွက်ဆိုးကျိုး လက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှုစောင့်ကြပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)