အိမ်မဲ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) သင်တန်းကို ယနေ့နံနက် ၉အချိန်မှ စတင်၍ အထက(၂)ပညာ့ဗိမာန် ခန်းမတွင် online စနစ်ဖြင့် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းကို မြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ မူလတန်းကျောင်းအုပ် ဆရာ၊ ဆရာမ (၅၀)ဦးနှင့် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမ (၁၆)ဦး၊ စုစုပေါင်း(၆၆)ဦးတို့မှ လာရောက်သင်ယူလျက်ရှိပြီး ယနေ့တွင် Generic Topics၊ ဘာသာရပ်ဖွဲ့စည်းပုံ၊ Video lesson (နံရံကပ်စာစောင်လုပ်ကြမယ်)၊ တွေ့ဆုံမေးမြန်းခြင်း၊ မိမိနှစ်သက်သော အစားအစာ ပြုလုပ်နည်းနှင့် ပလပ်စတစ်အိပ်ကလေးခရီးစဉ် အစရှိသည့် ခေါင်းစဉ်များနှင့် နေ့အလိုက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည် ဖြစ်ပြီး၊ ဆရာ၊ ဆရာမ များအနေဖြင့် မိမိတို့ သက်ဆိုင်ရာ စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိသည့်အခါ ယခု သင်ခန်းစာများအား ပြန်လည် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သင်ရိုးသစ် (Grade-5) သင်တန်းကို ဧပြီလ (၂၀)ရက်နေ့ မှ ဧပြီလ (၂၅)ရက်နေ့ အထိ(၅)ရက် တိုင်တိုင် ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ဌေးဌေးလှိုင်