စုကလိ ဧပြီ ၂၀
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ မိပါးကျေးရွာအုပ်စုရှိ ပလယ်ဒိုကျေးရွာတွင် ဒေသထွက် ပဒက်စာများ ပေါများစွာ ထွက်ရှိသဖြင့် ကျေးရွာနေပြည်သူများ ပုံမှန်ဝင်ငွေထက် ပိုမိုရရှိကြောင်း သိရသည်။
ယခုအချိန်သည် တောင်ယာမီးရှို့ပြီး၍ ကျောက်တောင်ကျောက်တုံးကြားတွင် ပဒက်စာများ ပေါများစွာထွက်ရှိသဖြင့် ကျေးရွာနေပြည်သူများ မှခူးဆွတ်ရောင်းချလျက်ရှိပြီး စုကလိ -မြဝတီ ကားလမ်းမကြီးဘေးတွင် ခင်းကျင်းရောင်းချလျက်ရှိရာ သီတံတစ်ထိုးလျှင် ထိုင်း ဘတ်ငွေ ၂၀ ဘတ်အထိစျေးကောင်းရရှိသည်။
အဆိုပါ ဒေသအခေါ် ပဒက်စာသည် ဟင်းလျာတစ်မျိုးအဖြစ် စားသုံးနိုင်သော အစားအစာတစ်မျိုးဖြစ်ပြီး ယခုနွေရာသီအချိန်အခါတွင် အလွန်လိုက်ဖက်သော ဟင်းလျာတစ်မျိုးဖြစ်ကြောင်း သိရသည်။
ပိုပိုအောင် (ပြန်/ဆက်)