ကန့်ဘလူ ဧပြီ ၂၀
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍ တစ်ရပ်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဦးတည်အုပ်စုများဖြင့် ထိုးနှံပေးလျက်ရှိရာ ဧပြီ ၂၀ ရက်နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၁၈ နှစ်နှင့် အထက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Phase- 9(နဝမအသုတ်) ပထမအကြိမ်အဖြစ် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (ဆေးရုံဟောင်း)၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)