ပန်းတနော်မြို့နယ်၌ ရေပေးရေးလုပ်ငန်းလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ပန်းတနော် ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၂၁- ၂၀၂၂) ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရေးပေးရေးလုပ်ငန်းများအား ကျေးရွာကော်မတီများထံသို့ လုပ်ငန်းလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်က ကျေးရွာကော်မတီများထံသို့ ရေးပေးရေး လုပ်ငန်းများ လုပ်ငန်းလွှဲပြောင်းပေးအပ်ရခြင်းနှင့် ကျေးရွာကော်မတီများမှ ရေးပေးရေး လုပ်ငန်းများအား စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်၍ စည်းကမ်းရှိစွာ ကိုင်တွယ် အသုံးပြုကြရန် ဆွေနွေးပြောကြားခဲ့ကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တိုးတိုးမှ ရေကော်မတီများ လိုက်နာရမည့် စည်းကမ်းချက်များ၊ ရေသုံးစွဲသူများ လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာကော်မတီများထံသို့ လုပ်ငန်းလွှဲပြောင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် (၂၀၂၁-၂၀၂၂)ခု ဘဏ္ဍာရေးနှစ်တွင် ရေပေးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးရွာများမှာ ကပိုင်အရှေ့စု၊ ရုံးတောအနောက်စု၊ အနောက်ကုန်း၊ မယ်သီလကုန်းနှင့် ကျုံတုံးကလေးကျေးရွာတို့ဖြစ်ပြီး အိမ်ခြေ (၅၃၂)အိမ်၊ လူဦးရေ (၂၅၂၆) ဦးတို့အား ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)