ကံမမြို့တွင် ရောင်းချလျက်ရှိသည့် အစားအသောက်များ၌ တားမြစ်ဓာတုပစ္စည်းများ ပါဝင်ခြင်း ရှိ/မရှိ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စမ်းသပ်စစ်ဆေး

ကံမ ဧပြီ ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ စည်ပင်သာယာမြို့မဈေးနှင့် ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် အစားအသောက်များ၌ တားမြစ်ဓာတုပစ္စည်းများ ပါဝင်ခြင်း ရှိ/မရှိ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စမ်းသပ်စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုကို မကွေးတိုင်းဒေသကြီး အစားအသာက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ သရက်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနနှင့် ကံမမြို့နယ် အစားအသောက်နှင့် ဆေးဝါကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များ ပူးပေါင်းအဖွဲ့သည် အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ စားသောက်ကုန်နမူနာ(၃၀)မျိုးအား တားမြစ်ဓာတု ပစ္စည်းများ ပါဝင်ခြင်း ရှိ/မရှိကို ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စမ်းသပ်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)