ကမမောင်းမြို့တွင် ကလေးအလုပ်သမား‌ လျော့နည်းပ‌ပျောက်ရေး အသိပညာပေးနှင့် ကိုဗစ်-၁၉ မျိုးဗီဇ‌ပြောင်း “အိုမီခရွန်” ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေး မြေစိုက်နံရံကပ် စာစောင်ပြသ

ကမမောင် ဧပြီ ၂၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ နံရံကပ်ပြဘုတ်များတွင် ပြည်သူများနှင့် ကျောင်းသား/သူများအနေဖြင့် အလွယ်တကူဖတ်ရှု နိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ‌မြေစိုက်နံရံကပ် စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမား လျော့နည်း ပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်များနှင့် ကိုဗစ်-၁၉ မျိူးကွဲဗီဇပြောင်း အိုမီခရွန်အကြောင်း သိကောင်းစရာများ ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ‌ မြေစိုက်နံရံကပ်စာစောင်တွင် ကလေးအလုပ်သမားဟူသည်  အဘယ်နည်း၊ ကလေးအလုပ်သမားအခွင့်အရေး ဥပဒေ၊  ကလေးသူငယ်ဆိုသည့် အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ကလေးသူငယ် ဥပဒေပြဋ္ဌာန်းချက်များနှင့် ကိုဗစ်-၁၉ ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်ရန်၊ အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိူကွဲဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါစသည့် သိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ပေးထား ကြောင်းသိရှိရသည်။

ကမမောင်း(ပြန်/ဆက်)