ကံမ ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၂-၂၀၂၃ သီးနှံနှစ် ဆီထွက်သီးနှံဖြစ်သည့် မိုးနေကြာစီမံကိန်း တာဝန်ပေးအပ်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့်အဖွဲ့ဝင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းက အမှာစကား ပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်ဦးက ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် မိုးနေကြာ စိုက်ပျိုးမှုများအကြောင်းနှင့် ကံမမြို့နယ် အတွင်း မိုးနေကြာစိုက်ပျိုးရန် (၁၂၂၉)ဧက လျာထားကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက သက်ဆိုင်ရာ တိုက်နယ်အလိုက် မိုးနေကြာ စီမံကိန်းတာဝန်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)