ချောက် ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၌ ယမန်နေ့နံနက်၁၀နာရီအချိန်က မြို့နယ်စားသုံးသူရေးရာတာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်း၍ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာတာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဝန်ထမ်း များက ချောက်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကောင်းမွန် သောကျင့်စဉ်နှင့် အညီစက်သုံးဆီများရောင်းချခြင်းရှိမရှိ၊``တံဆိပ်မပါဘူးများနှင့် Falcon၊ Trane၊ Crocodile "စသည့်တံဆိပ်တို့မှာ ဆင်တူယိုးမှား တံဆိပ်အတုအပ တင်သွင်းမှုများ တွေ့ရှိရသဖြင့် ချောက်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်(၈)ဆိုင်အား ဖြန့်ဖြူးရောင်းချခြင်း၊သိုလှောင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စက်သုံးဆီများ ရောင်းချသည့် ဆီဆိုင်ရှင်များ လိုက်နာ ဆောင်ရွက်ရမည့် အချက်များကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)