သံတောင်ကြီးမြို့နယ် (Community Centre) ခန်းမတွင် လျှပ်စစ်မီး ချွေတာသုံးစွဲရေး အသိပညာပေး Talk     Show   ဆောင်ရွက်

သံတောင်ကြီး ဧပြီ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်  လျှပ်စစ်မီးချွေတာသုံးစွဲခြင်း ဆိုင်ရာ အကြောင်းအရာများကို သိရှိစေရန်နှင့် ပြည်သူများလိုက်နာကြစေရန်အတွက် လျှပ်စစ်မီးချွေတာ သုံးစွဲရေး အသိပညာပေး Talk     Show   ကို       ယနေ့နံနက် () နာရီအချိန်က လူထုအခြေပြုဗ ဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနော်လော်မူက လျှပ်စစ်မီးချွေတာသုံးစွဲရေး အသိပညာပေး Talk     Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ လျှပ်စစ် မီးချွေတာသုံးစွဲခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများ  ပြည်သူများအနေဖြင့်  လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲသင့်သည့် နည်းလမ်းများ၊ အိမ်တွင်းမီးများကို  အတတ်နိုင်ဆုံးလျော့ချသုံးစွဲရေး၊ စသည့်

အကြောင်းအရာများ  ဆွေးနွေးပြောကြားပြီး  နော်နီလာအေး (ဒုတိယဦးစီးမှူး) က လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ လျှပ်စစ်ဓာတ်အားကို    ချွေတာ သုံးစွဲရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ပြင်ပအလင်းရောင်ကို အသုံးပြုကာ အိမ်တွင်း လျှပ်စစ်မီးများ ကိုအတတ်နိုင်ဆုံး လျော့ချရေးစသည့် လျှပ်စစ်မီးချွေတာသုံးစွဲရေးနှင့် ပတ်သက် သည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

နော်နော်မူ