အောင်လံ ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းဆင့်၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့်၊ GRADE 6/8/11 သင်ရိုးသစ်ဗဟိုအဆင့်နှင့် မြို့နယ်အဆင့် နည်းပြသင်တန်းအား အွန်လိုင်းစနစ်ဖြင့် သင်တန်းပို့ချခြင်းကို ယနေ့နံနက် (၉)နာရီက အထက(၁) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်ရိုးသစ် ဗဟိုအဆင့်နှင့် မြို့နယ်အဆင့် နည်းပြသင်တန်းအား အွန်လိုင်းစနစ်ဖြင့် သင်တန်း ပို့ချခြင်းကို အောင်လံမြို့နယ်အတွင်းရှိ ဆရာ/ဆရာမ(၆၁)ဦး တက်ရောက်ကာ သင်တန်းကို နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ၂၀-၄-၂၀၂၂ ရက်နေ့မှ ၂၅-၄-၂၀၂၂ ရက်နေ့ထိ (၅)ရက်ကြာ ပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မျိုးသိန်း(ပြန်/ဆက်)