သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

သံတောင်ကြီး ဧပြီ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ၊ လူထုအခြေပြုဗဟိုဌာန  Community   Centre ခန်းမတွင် တွင်  Book  Club / Youth Club အဖွဲ့ဝင်များက စာရေးဆရာဝင်းချစ် (အမျိုးသားစာပေဆုရ) ၏သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်းပါးများ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ယမန် နေ့မွန်းလွဲ(၃)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနော်လော်မူက စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး Youth Club အဖွဲ့ဝင် နော်ခိုင်ခင်ထက်က စာရေးဆရာဝင်းချစ် (အမျိုးသားစာပေဆုရ)၏ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဆောင်းပါးများစာအုပ်ပါ ခေါင်းစဉ်ငယ်များဖြစ်သည့် လူသားတိုင်း၏ တာဝန်ကြီး တစ်ရပ်ဖြစ်လာသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုဖောက်ပြန်မှု ဟန့်တားတိုက် ဖျက်ရေးနှင့် ပဲရစ်သဘောတူညီချက်၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု တိုက်ဖျက်ရေးတွင် မြန်မာပြည်သူများ၏ ပါဝင်စွမ်းဆောင်မှုစသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ဒေါ်ဘေဘီ(Book Club)အဖွဲ့ဝင်က ယာဉ်ကြောပိတ်ဆို့မှုနှင့် မှန်လုံအိမ်ဓာတ် ငွေ့များ ထုတ်လွှင့်မှု၊ သစ်ပင်များစုပ်ယူနိုင်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပမာဏ၊ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၊ ထင်းနှင့်မီးသွေးသုံးစွဲမှုစသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် Book    Club / Youth Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဖတ်ရှုဆွေးနွေးခဲ့ကြောင်း သိရသည်။

နော်နော်မူ