ရွှေသောင်ယံ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရုံးတွင် ယနေ့ နံနက်(၁၀)နာရီက စာရေး ဆရာအောင်သင်း ရေးသားသော “အားနေသောလက်များ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ရာ Book Club၊ Youth Club အဖွဲ့ဝင်များ (၁၅)ဦး တက်ရောက်ဆွေးနွေးကြသည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်မှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာဖတ်ဝိုင်းမှ ရရှိသော အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club၊ Youth Club အဖွဲ့ဝင်များမှ ဆွေးနွေးကြရာ “အားနေသောလက်များ” ခေါင်းစဉ်ပါ အကြောင်းအရာဖြင့် လည်းကောင်း၊ မှတ်ဉာဏ်အရွယ်မလွန်မီ ခေါင်းစဉ်ပါ အကြောင်းအရာများနှင့်လည်းကောင်း ဆွေးနွေးခဲ့ကြ သည်။
ကိုကိုမောင်