ငပု​တောမြို့နယ် ဂုံညင်းတန်း-လေးလောင်းရွာ ချင်းဆက်တံတား အသစ်ပြန်လည် တည်ဆောက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ  ကွင်းဆင်းကြည့်ရှုစစ်​ဆေး

ငပု​တော ဧပြီ ၂၀


ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊  ဂုံညင်းတန်း-လေးလောင်းရွာချင်းဆက် တံတားအသစ် ပြန်လည်တည်ဆောက်နေမှုအား ယမန်နေ့ ​နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်သူနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့ကြကြောင်း သိရ သည်။
အဆိုပါ လေးလောင်းတံတား-သက်ရက်တော-လေးလောင်းကျေးရွာ ချင်းဆက်လမ်းပေါ်တွင် တည်ရှိပြီး မိုးရွာသွန်းမှုများပြားပြီး တောင်ကျရေ တိုက်စားမှုကြောင့် တံတားပျက်စီးခဲ့သည်။ ပျက်စီးနေသော တံတားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ စီစဉ်ဆောင်ရွက်‌ပေးမှုဖြစ် တံတားအသစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေးလောင်းတံတား ဆောက်လုပ်ခြင်းကို ငပုတောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး‌ အလျား ၄၀ ပေ၊ အကျယ် ၁၀ ပေ၊ ကိုယ်ထည်သံကူ ကွန်ကရစ်ကြမ်းခင်း ခွင့်ပြုရန်ပုံငွေ (၁၀၄.၂၉၉) သန်းဖြင့် ဆောက်လုပ်ခြင်းဖြစ်သည်။
ထို့အတူ  ကွင်းချောင်းတံတားသည်  ကွင်းချောင်းကျေးရွာတွင်းလမ်း    အလျား ၁၅ ပေ၊ အကျယ် ၁၂ ပေ၊   ကျောက်စီကမ်းကပ်ခုံ၊    ကွန်ကရစ်ကြမ်းခင်း   ခွင့်ပြုရန်ပုံငွေ
(၂၃.၂၁၁)သန်း ဖြင့် လုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ကွင်းဆင်းကြည့်ရှုစစ်​ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)