ဝါးခယ်မ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် Mobile Team အဖွဲ့များဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ဝါးခယ်မမြို့နယ်တွင် အသက် ၁၅ နှစ်မှ ၁၈ ရဟမန်း သံဃာတော်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့ပေါ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းမျာတွင် တစ်ကျောင်းဝင် တစ်ကျောင်းထွက် လိုက်လံမေးမြန်း၍ အသက်(၁၅)နှစ်မှ (၁၈)နှစ်ကြား သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေးအတွက် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)