တောင်တွင်းကြီးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ် သင်ကြား

တောင်တွင်းကြီး ဧပြီ ၂၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre တွင် ယနေ့ နံနက် ၉ နာရီခွဲက အခြေခံပန်းချီရေးဆွဲနည်း သင်တန်း တတိယနေ့ ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ ကျောင်းသား၊ ကျောင်းသူ(၃၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား ပန်းချီဆရာ ဦးသူရကျော်မှ ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့မှ မေလ(၁၃)ရက်နေ့အထိ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီခွဲမှ ၁၀နာရီခွဲအထိ (၄)ပတ်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းပြီးပါက ပန်းချီပြိုင်ပွဲ ကျင်းပကာ ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ဝင်း(ပြန်/ဆက်)