နွေရာသီကျောင်းပိတ်ရက်အားကစားပြိုင်ပွဲများကို တောင်တွင်းကြီးမြို့နယ် ပြန်/ဆက် ကလေး အားကစားကွင်း၌ ကျင်းပ

တောင်တွင်းကြီး   ဧပြီ  ၂၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ အားကစား ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ကလေး အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အားကစားပြိုင်ပွဲများ ကျင်းပရာတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်မှ ကလေးငယ်များအနေဖြင့် အများနှင့်ပူးပေါင်း ဆောင်ရွက်တက်စေရန်၊ ကောင်းသော ယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ နွေရာသီကျောင်းပိတ်ရက် အားလပ်သည့် အချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ ဗဟုသုတရရှိစေရေးအတွက် စာငှားစာဖတ်ကြရန်၊ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စကောရွက်ပြိုင်ပွဲ၊ ကြက်ဥကောက်၊ ပူစီဖောင်းမှုတ်၊ ထိုင်ခုံလု၊ ပြိုင်ပွဲများ ကျင်းပရာ အခြေခံပညာကျောင်းမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နိုင်ဝင်း(တောင်တွင်းကြီး)