ဝါးခယ်မ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက် (၉:၃၀)နာရီအချိန်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ဝါးခယ်မမြို့နယ် မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်တွင် ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိ/မရှိ စစ်ဆေး၍ တစ်ကြိမ်တစ်ခါမျှ မထိုးရသေးသူများအား ကာကွယ်ဆေး ထိုးရန်နှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများလည်း လာရောက်ထိုးနှံနိုင်ကြာင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်ဦးတစ်ယောက်မကျန်ထိုးနှံနိုင်ရေးအတွက် အများပြည်သူသွားလာရာ ဝါးခယ်မမြို့နယ် မြို့အဝင်/ထွက်စစ်ဆေးရေးဂိတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။