မြင်းမူ ဧပြီ ၂၀
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်းဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည်တိုက်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ပထမဦးစွာ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မိုးက စာဖတ်ဝိုင်းမျာ၊ စာအုပ်ပြပွဲများ အသိပညာပေး ဆွေးနွေးတင်ပြသည့် (talk show) များ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားသည်။ ထို့နောက် စာဖတ်သူများက စာရေးဆရာ နတ်သျှင်(ရေှေဂူ)ရေးသားသည့် လူငယ်များ၏ ရွှေရောင်အနာဂတ်များစာအုပ်အား စုပေါင်းဖတ်ကြားကြကာ မိမိနှစ်သက်ရာ စာပိုဒ်များမှရရှိသည့် အသိပညာများဗဟုသုတများအား စာဖတ်သူများက ဖတ်ကြားဆွေးနွေး ကာ အသိပညာများဖလှယ်ခဲ့ကြသည်။
ယင်းနောက် စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင်(၉၀) ကျော် အား စာပေအမြည်းအဖြစ် ဖတ်ရှု့လေ့လာခဲ့ကြသည်။ မြင်းမူမြို့နယ် ပြည်သူ့စာကြည့်တိုက် သည် အသိပညာပေးလုပ်ငန်းများအဖြစ် စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ၊ (talk show)များကို
အပါတ်စဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။
အောင်စိုးဖေ (မြင်းမူ)