မုံရွာမြို့ပေါ်ရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဦးတည်အုပ်စုများမှ ပြည်သူ ၄၆၃၁ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မုံရွာ ဧပြီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ မုံရွာမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအား အခြေချထိုးနှံခြင်း၊ ရွှေ့လျားထိုးနှံခြင်းနှင့် ကျေးရွာများအထိပါ ကွင်းဆင်းထိုးနှံခြင်းများကို အရှိန်မြှင့်၍ သက်မှတ်ကာလတွင်အချိန်မီ ရာနှုန်းပြည့် ပြီးစီး အောင်မြင်အောင် အားလုံးကြိုးပမ်းဆောင်ရွက်ကြစေရေး လမ်းညွှန်ချက်အရ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဇော်တင်မိုး အနီးကပ်ကြီးကြပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း ပါဝင်သော အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းမှစတင်၍ မုံရွာမြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ   သတ်မှတ်ထားသည့်နေရာ(၁၃)ခုတွင် ဦးတည်အုပ်စုများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြသည်။

မုံရွာမြို့နယ်အနေဖြင့်  ရောဂါပိုးကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း လျော့ချနိုင်ရေးအတွက် အဓိကကာကွယ်ပေးမှုမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လူတိုင်းစေ့ ထိုးနှံပြီးစီးရန် ဖြစ်တဲ့အတွက်ကြောင့် ဆေးထိုးစုရပ်များအဖြစ် သတ်မှတ်နေရာ (၁၃) ခုမှ  ‌‌ပြည်သူ ၄၆၃၁ ဦး အတွက် သတ်မှတ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို တာဝန်ရှိသူဆေးထိုး အဖွဲ့များက ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးရရှိမှုပေါ်မူတည်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနံရမည့် လူဦးရေ ၂၂၉၅၄၀ ဦးလျာထားလျက်ရှိရာ ယနေ့အချိန်အထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး 1St Dose စုစုပေါင်းလူဦးရေ ၁၇၂၉၅၇ဦး၊ 2nd Dose စုစုပေါင်းလူဦးရေ ၇၃၂၇၇ ဦးထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)