မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့်‌ အများပြည်သူ များ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ရောင်းချပေး

တောင်တွင်းကြီး ဧပြီ ၂၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မကွေးတိုင်းဒေသကြီး စားသုံးဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊‌ တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာတို့၏ စီစဉ်မှုဖြင့် အများပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် (၈)နာရီမှစတင်၍ ချောင်းနက်ဈေး၊ တောင်တွင်းကြီးမြို့မဈေးတို့၌၊ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ဆီ(၁)ပိသာလျှင် ၅၉၀၀ ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာ ဦးစီးမှူး‌ ဒေါ်ဌေးဌေး ခေါင်းဆောင်၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ဝင်း(ပြန်/ဆက်)