အုတ်ဖို ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦး ဦးဆောင်သောအဖွဲ့မှ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှုး ဦးဝင်းဆန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှ မြို့နယ်ဦးစီးမှုး ဦးမျိုးမင်းထက်တို့နှင့် တွေ့ဆုံ၍ အုတ်ဖိုမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဖွဲ့ဝင်ဦးစိုးဦးမှ မဲစာရင်းများပြုစုရေးအတွက် ကြိုတင်ပြင်ဆင်ရာ၌ မဲဆန္ဒရှင်စာရင်းနှင့် ပတ်သက်ပြီး ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေးအတွက် အခြေခံမဲဆန္ဒရှင် စာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆)အပေါ်အခြေခံပြီး ပြုစုနေခြင်းဖြစ်ပြီး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို လုပ်ဆောင်ကြမည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများ၊ အုတ်ဖိုမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများနှင့် အုတ်ဖိုမြို့ရပ်ကွက်/ကျေးရွာအုပ်စုမှအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများမှ စာရင်းပြုစုရာတွင် အမှန်ကန်ဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ