ပန်းတောင်း ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတတ်မြင့်မားရေး ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာစိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံက်ပိုင်းက သရက်လိန် အုပ်စု၊ တက်သစ်ကျွန်းကျေးရွာဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားပြီ၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက် မြင့်မားရေးနှင့် သက်ဆိုင်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပညာပေးဆွေးနွေးခဲ့သည်။ တက်ရောက်လာသော ဒေသခံ ပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများက ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး