လှိုင်းဘွဲ ဧပြီ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသီဟမြင့်ဆွေနှင့်တပ်ဖွဲ့ဝင်များက သောက်ရေနှင့်သုံးရေများ အခက်အခဲကြုံနေရသည့် မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့ မီးသတ်ရေယာဉ်ဖြင့် ရေများကို အခမဲ့ကုသိုလ်ပြုလှူဒါန်းပေးလျက်ရှိသည်။
မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ပူပြင်းသည့် နွေရာသီအတွင်း သောက်သုံးရေအခက်အခဲရှိသည့် မြို့ပေါ်(ဃ)ရပ်ကွက်အတွင်း၌ တည်ရှိသော သကဦးဘုန်းတော်ကြီးကျောင်းနှင့် ဝင်းစိန်ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေကြသော ဆရာတော်၊သံဃာတော်များ အသုံးပြုနိုင်စေရန်အတွက်ယမန်နေ့ နေ့လည်ပိုင်းအချိန်က ဘုရားစေတီတော်အား ရေသပ္ပါယ်ခြင်းနှင့် ရေစည်များအတွင်း ရေဖြည့်ပေးခြင်း ကုသိုလ်အလှူကို အခမဲ့လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)