သာယာဝတီ ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ကြောင်ညှာကုန်းကျေးရွာနှင့် မြို့ပေါ်ရှိ ကွန်ကရစ်ပစ္စည်းများ အရောင်းဆိုင်များတွင် ရောင်းအားကောင်း လျက်ရှိကြောင်း သိရသည်။
ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသည့် ပစ္စည်းများမှာ ခြံစည်းရိုးကွန်ကရစ်တိုင်၊ ကျောက်ခွေ၊ ရေပြွန်၊ ဝက်စားကျင်းခွက်၊ ကျောက်စည်ပိုင်း၊ အုတ်ဖိနပ်တိုင် စသည့်ပစ္စည်းများအား နေအိမ်ခြံဝန်းအတွင်းတွင် ပြုလုပ်ရောင်းချလျက် ရှိသည်။
ကွန်ကရစ် ပစ္စည်းရောင်းချနေသူက ကျွန်တော်တို့အနေနဲ့ ကွန်ကရစ်ပစ္စည်းတွေကို အဓိကရောင်းအားကောင်းတာကတော့ ခြံစည်းရိုးကွန်ကရစ် ကျောက်တိုင်၊ နွားစားကျင်းခွက်၊ ကျောက်စည်ပိုင်း၊ အုတ်ဖိနပ်တိုင် တို့ပဲဖြစ်ပါတယ်၊ တစ်ခါတရံ ကျေးရွာလမ်း များ ပြုလုပ်ရာတွင် အသုံးပြုသည့် ရေပြွန်များလည်း ရောင်းရပါတယ်၊ ကွန်ကရက်ပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေ၊ ကျောက်စရစ်၊ သဲ၊ သံချောင်းတတွေကို မြို့ပေါ်မှဝယ်ရတာ ဖြစ်တာကြောင့် စျေးများ ကလည်း သိသိသာသာ စျေးတက်ပါတယ်၊ ကုန်ကြမ်းပစ္စည်တွေ စျေးတက်သောကြောင့် ဝယ်လိုအားပေါ် မူတည်ပြီး အနည်းငယ် ပြောင်းလဲ စျေးတက်ခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ဆိုင်ကတော့ ကျောက်ခွေ အကျယ် သုံးပေ၊ တစ်ပေခွဲအနက်ကို (၇၅၀၀) ကျပ်၊ ရေပြွန်အမြင့် ၅ပေ အကျယ် ၁၈ လက်မ တစ်ခုကို (၄၅၀၀၀) ကျပ်၊ ခြံစည်းရိုး ကျောက်တိုင် အမြင့် ၇ ပေ ထု ၄ လက်မ တစ်တိုင်ကို (၆၀၀၀) ကျပ်၊ ကျောက်စည်ပိုင်း အမြင့်/အကျယ် ၂ ပေခွဲ ပတ်လည်ကို (၂၅၀၀၀) ကျပ်ရောင်းပါတယ်၊ ယခု ပွင့်လင်းရာသီမှာ ရောင်းရအကောင်းဆုံး ရာသီလဲဖြစ်တဲ့အတွက် ကျွန်တော်တို့မိသားစု အပိုဝင်ငွေလည်းရရှိပါတယ်ဟု ကွန်ကရစ်ပစ္စည်း ပြုလုပ် ရောင်းချသူ ဦးစိုးသန်းထံမှ သိရသည်။
သန့်ဇော် (သာယာဝတီ)