သာယာဝတီ ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် နွေစပါးများ စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေအတွက် ဆည်ရေသောက်စနစ်ဖြင့် အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးသည့် နွေစပါးမျိုးများမှာ အထွက်နှုန်း ကောင်းမျိုးဖြစ်သည့် ရတနာ တိုးစပါး (၁၅၇၆၉) ဧက၊ ရက် (၉၀) စပါး (၁၇၁၅၃) ဧက၊ ဆင်းသုခ (၂၁၀၀) ဧက၊ GW- 11 (၇၀၂၇) ဧက၊ ချမ်းမြေ့မေ (၄၀၁) ဧက၊ ရှမ်းရတနာ ၁ (၃၄၂) ဧက၊ Jasmine-5 (၁၁၆) ဧက စုစုပေါင်း (၄၂၉၀၈) ဧက စိုက်ပျိုးလျက်ရှိကြသည်။
သာယာဝတီမြို့နယ်၌ ယခုနှစ်တွင် နွေစပါး (၃၉၃၂၇) ဧကလျာထားခဲ့ရာ (၄၂၉၀၈)ဧက တိုးချဲ့ စိုက်ပျိုးနိုင်ပြီး နွေစပါးစိုက်ပျိုးသည့် တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များနှင့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ နည်းပညာပေးဆွေးနွေခြင်း၊ သင်တန်းများ ဆောင်ရွက်ပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)