အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

ငွေဆောင်မြို့ ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် သက်ကြီးဘိုးဘွားများအား လှူဒါန်းပူဇော် ကန်တော့ရန် မြို့အုပ်ချုပ်ရေးမှူးနှင့် တကွ ဌာနဆိုင်ရာများ၊ Speed Book ပိုင်ရှင်များနှင့် စေတနာရှင်များ ပူးပေါင်းပြီး အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ အိမ်တိုင်ရာရောက် လက်ဝယ်သို့ လိုက်လံလှူဒါန်းပူဇော် ကန်တော့ခဲ့ကြသည်။

သက်ကြီးဘိုးဘွားတစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်း၊ လက်ဆောင်ပစ္စည်းများ ဘိုးဘွားဦးရေ ၄၅ ဦးတို့အား စုစုပေါင်းတန်ဖိုး ၁၉ သိန်းကျော် ထောက်ပံ့ပေးအပ်လှူဒါန်း ပူဇော်ကန်တော့ခဲ့ကြသည်။ ကန်တော့ခံဘိုးဘွားများက ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)