အိမ်မဲ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာ ဖျာတန်းရပ်ကွက်တွင် နှစ်ဆန်း(၃)ရက်နေ့ ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် မြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ကုမုဒြာလူမှုကူညီရေးအသင်းမှ ဦးဆောင်၍ ရပ်ကွက်နေပြည်သူများမှ စုပေါင်းကာ ပဒေသာပင်များ၊ ဆန်၊ ဆီ၊ ဆား၊ ဝတ္ထုငွေနှင့် အခြား လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြပြီး ကျောင်းတိုက်ပေါင်း ၂၀၁ ကျောင်းမှ ပင့်သံဃာ ၂၀၁ ပါအား (ပစ္စည်းနှင့်ဝတ္ထုငွေ) စုစုပေါင်း (၅၃၈၂၃၀၀)ကျပ်အား လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)