သဲကုန်း ဧပြီ ၁၉
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦး ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူးဦးကိုကိုဦးနှင့်အဖွဲတို့မှ ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးဝင်းထွဋ်၊မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးမှ မြို့နယ်ဦးစီးမှုး ဒေါ်ထက်ထက်အောင်တို့နှင့် တွေ့ဆုံ၍ သဲကုန်းမြို့နယ် အတွင်းရှိ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်မှု အား ကြည့်ရှုစစ်ဆေး ခဲ့သည်။
တွေ့ဆုံပွဲတွင် အဖွဲ့ဝင်ဦးစိုးဦးက မဲစာရင်းများပြုစုရေးအတွက် ကြိုတင်ပြင်ဆင်ရာ၌ မဲဆန္ဒရှင်စာရင်းနှင့် ပတ်သက်ပြီး ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆) အပေါ်အခြေခံပြီး ပြုစုနေခြင်းဖြစ်ပြီး မြေပြင်လူဦး ရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို လုပ်ဆောင်ကြမည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအမှ ဝန်ထမ်းများ၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများနှင့် သဲကုန်းမြို့ ရပ်ကွက်/ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများမှ စာရင်းပြုစုရာတွင် အမှန်ကန်ဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားရခဲ့ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်