ငပုတော ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဝက်ဆူကျေးရွာအုပ်စု၊ ဝက်ဆူကျေးရွာ ငပုတော-ဝက်ဆူလမ်း ခွဲကျောက်အမာခံလမ်း ခင်းခြင်းလုပ်ငန်းပြီးစီးမှုအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါငပုတော ဝက်ဆူလမ်းသည်၊ ဝက်ဆူကျေးရွာနှင့် ငပုတောမြို့သို့ ဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး ခွဲကျောက်အမာခံလမ်း ခင်းခြင်းလုပ်ငန်းကို ငပုတောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လ မီနီဘတ်ဂျက် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည် (၃၇၀၀)ပေ၊ အကျယ် (၁၂)ပေနှင့် အမြင့် (၆)လက်မ အထူဖြစ်ပြီး လမ်းခင်းခြင်းလုပ်ငန်းကို ငွေကျပ် (၅၇.၄၀)သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ငပုတော ဝက်ဆူလမ်းခွဲကျောက် အမာခံလမ်းခင်းခြင်းလုပ်ငန်းကို သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးနေမှုအား ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု့စစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး လမ်းပြီးစီးနေပြီဖြစ်၍ ဝက်ဆူကျေးရွာအိမ်ခြေ (၂၆၅)၊ အိမ်ထောင်စု (၂၈၃)၊ လူဦးရေ (၁၂၄၅)ဦး ပြည်သူများအနေဖြင့် ငပုတောမြို့သို့ ရာသီမရွေး သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)