ကျုံပျော် ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ပေါ်ရှိ စာသင်တိုက်များတွင် သီတင်းသုံးနေထိုင်တော်မူကြ သော အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြားရှိ သာမဏေနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ထိုးနှံခြင်းကို ဧပြီ ၁၉ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ဇော်မိုးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းတိုက်၊ ပြည်လုံးပေါ် ဘုရားကြီးကျောင်းတိုက်နှင့် မင်္ဂလာကံဦးကျောင်းတိုက်တို့မှ အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြားရှိ သာမဏေများနှင့် သုဇနကာရီ သီလရှင်စာသင်တိုက်နှင့် သဒ္ဒမ္မရံသီကျောင်းတိုက်တို့မှ သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျုံပျော်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူ(၁၅၆၇၀၂) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၇၀၆၄)ဦးရှိပြီး ယနေ့တွင်လည်း စာသင်တိုက်(၃)တိုက်မှ ရှင်သာမဏေ(၂၅)ပါးနှင့် သီလရှင်စာသင်တိုက် (၂)တိုက်တို့မှ သီလရှင် (၂၀)ပါးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac အား သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)