ကလိန်အောင်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကလိန်အောင်  ဧပြီ ၁၉

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ (Book Club) စာအုပ်စာ‌ပေချစ်မြတ်နိုးသူများအသင်းနှင့် (Youth Club)လူငယ်အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ"ချစ်နိုင်(စိတ်ပညာ) " ရေးသားထားသည့် " လူငယ်နှင့် အခွင့်အလမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့  မွန်းလွဲ(၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကလိန်အောင်မြို့ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ဒေါ်ခင်ခင်လဲ့က ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊  စာပေဖတ် ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက် ပေးခြင်းဖြင့်ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများ ရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေ နိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ" ချစ်နိုင်(စိတ်ပညာ)" ရေးသားထားသော" လူငယ်နှင့်အခွင့်အလမ်း"စာအုပ်ပါအသိပညာပေးဆောင်းပါးများကို (Book Club) စာအုပ် စာပေ ချစ်မြတ် နိုးသူများအသင်းအဖွဲ့ဝင်‌ဒေါ်မိုးမိုးအေးနှင့် စာ‌ပေဝါသနာရှင် ဒေါ်ထက်နန္ဒာ‌ဇော်နှင့်‌‌(Youth Club) လူငယ်အဖွဲ့ဝင်ဦးသူရလင်းမောင်တို့က စာအုပ်ပါအသိပညာပေးဆောင်းပါး အကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိပညာများကိုအသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ များကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့် လည်းကောင်းလစဉ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)