ဒိုက်ဦးမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေး ကျင်းပ

ဒိုက်ဦး ဧပြီ ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာန ၁၃၈၄(၂၀၂၂)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ (ကြီး၊လတ်၊ငယ်၊မူ)ကျင်းပ​ပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ပါဠိပထမပြန်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဘုရားကြီးကျောင်းတိုက်အတွင်းရှိ ဓမ္မရုံကြီး၌ ၂၀၂၂ ခုနှစ်၊ မေလ (၅)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ အခြေပြုမူလတန်းအတွက် ဝိနည်းကျင့်ဝတ်/သုကုမာရမဂ္ဂဒီပနီ ဘာသာ၊ ပထမငယ်တန်းအတွက် ဘိက္ခူပါတိမောက်ဘာသာ/ဓမ္မပဒ၊ ပထမလတ် တန်းနှင့် ပထမကြီးတန်းတို့အတွက် ဒွေမာတိတာဘာသာ/ဓမ္မပဒဘာသာရပ်တို့အား ဖြေဆိုကြမည်ဖြစ်ပြီး နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)