မြဝတီမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

မြဝတီ ဧပြီ ၁၉

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်အခွင့်အလမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မာမာရီက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး Womem Club ဥက္ကဋ္ဌ ဒေါ်ကေခိုင်က ဦးဆောင်ဆွေးနွေးသည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်သည့်  စာအုပ်သည် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားပြီး စာအုပ် တွင် ရေးသားထားသည် လူထဲကလူ အတူတူမဟုတ်၊ အောင်မြင်မှုရယူခြင်း၊ ဘဝထဲကသင်ခန်းစာ၊ လူ့တန်ဖိုး၊ အဆိုးနဲ့အကောင်း အစရှိသည့် အခန်းများအား ဆွေးနွေးကြခြင်း ဖြစ်သည်။

စာဖတ်ဝိုင်းတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာပေဝါသနာ ရှင်များက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင် (ပြန်/ဆက်)