ညောင်တုန်းမြို့နယ် မီးဘေးသင့် အိမ်ထောင်စုထံသို့ ထောက်ပံ့‌ငွေများပေးအပ်

ညောင်တုန်း ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ တူးချောင်းကျေးရွာအုပ်စု၊ သူကြီးစုကျေးရွာတွင် ဧပြီလ ၁၈ ရက်နေ့က မီးလောင်မှုဖြစ်ပွား၍ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုထံသို့ အလှူငွေများ ထောက်ပံ့ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ကွင်းဆင်းသွားရောက် ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ တူးချောင်းကျေးရွာအုပ်စု၊ သူကြီးစုကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စုထံသို့ ငွေကျပ် ၅၃၀၀၀၀ (ကျပ်ငါးသိန်းသုံးသောင်း)အား နေအိမ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)