ညောင်လေးပင် ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင် မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုများ လျော့နည်းစေရန် ရည်ရွယ်၍၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉:၃၀ နာရီအချိန်က မဟာတိလောက သယမ္ဘူ ဘုရားကြီးဝန်း အတွင်း၌ အသက် ၁၈နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ရပ်ကွက်ကျေးရွာအတွင်းရှိ ဦးတည်အုပ်စုများတွင် ပါဝင်သော အသက်(၁၈) နှစ်အထက် ပြည်သူများအား ထိုးနှံပေးခြင်းဖြစ်ပြီး သာသနာ့ အနွယ်ဝင်များဖြစ်သည့် သံဃာတော်များနှင့် သီလရှင်များအား Mobile စနစ်ဖြင့် လိုက်လံ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေး လာရောက်ထိုးနှံသူ ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အဖွဲ့ဝင်များ၊ စေတနာဝန်ထမ်းများမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)