ချောက်၌ လျှပ်စစ်မြစ်​ရေတင်စီမံကိန်းရေ​ပေး​ဝေမှုဖြင့် နွေသီးနှံ နှမ်း၊ ပဲတီစိမ်းတို့ ပိုမိုစိုက်ပျိုး ​

ချောက်   ဧပြီ    ၁၉

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့နယ်တွင် ဥမင်ကိုး​ပေါက် လျှပ်စစ်မြစ်​ရေတင်စီမံကိန်း၊ ပခန်း​ငယ် လျှပ်စစ်မြစ်​ရေတင်စီမံကိန်းတို့မှ ​ရေ​ပေး​ဝေမှုဖြင့်နွေသီးနှံ နှမ်းနှင့် ပဲတီစိမ်းတို့ကို ပိုမိုစိုက်ပျိုးလျက်ရှိ​ကြောင်းသိရသည်။

ယခုနှစ်တွင်​နွေနှမ်း ၄၀၈ဧက၊​နွေပဲတီစိမ်း ၁၄၅၀ ဧက စုစု​ပေါင်း ၁၈၅၈ ဧကစိုက်ပျိုးပြီးစီး၍ ယခင်နှစ်ကထက် ၁၃၈၈ ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။​ နွေနှမ်းမျိုး​စေ့များတွင် စမုံနက်၊ ဆင်းရတနာ(၃)၊ ဆင်းရတနာ(၁၄)၊ သိပ္ပံနှမ်းနက်မျိုးများကိုလည်းကောင်း၊ နွေပဲတီစိမ်းမျိုး​စေ့များတွင် ရေဆင်း(၁၁)၊​ ရေဆင်း(၁၄)မျိုးများကိုလည်းကောင်း စိုက်ပျိုးပြီး မြို့နယ် စိုက်ပျိုး​ရေးဌာနမှ နည်းပညာ၊ အကြံဉာဏ်ပေးခြင်းများ၊ မျိုးစေ့အနေဖြင့် ဆင်းရတနာ(၃)၊ ဆင်းရတနာ(၁၄) မျိုး​စေ့များ ပံ့ပိုးခြင်း၊ ​မြေသြဇာ​ထောက်ပံ့ခြင်းတို့အား ဆောင်ရွက်ပေး ခဲ့ကြောင်း၊ အကျိုး​​တော်ဆောင်​ တောင်သူများ၏  မျိုး​ကောင်းမျိုးသန့် အထူးဇုန်အဖြစ် ဧက၄၀ထောက်ပံ့​ပေးအပ်ခြင်းများအား ဆောင်ရွက်​ပေးခဲ့သည်။

နွေသီးနှံစိုက်ပျိုးမှုအ​နေဖြင့် ယခုနှစ်တွင် ​နွေပဲတီစိမ်း ၁၄၅၀ ပိုမိုစိုက်ပျိုး​နိုင်ခဲ့ကြောင်းမြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။

ကျော်မိုး(ပြန်/ဆက်)