ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄) နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ပဲခူး ဧပြီ  ၁၉

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၀၆၄)နှစ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီ ၁၀ ရက်နေ့ကစတင်၍ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘုရားဝင်းအတွင်းစည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဗုဒ္ဓပူဇနိယပွဲတော်အတွင်း ရပ်ဝေးရပ်နီးမှ ကား၊ ဆိုင်ကယ်များဖြင့် လာရောက်ကြသော ဘုရားဖူးလာ ပြည်သူများက ဘုရားပွဲဈေးမှ ဒေသထွက်ကုန်ပစ္စည်းများဖြင့် ရောင်းဝယ် စည်ကားလျက်ရှိပြီး အဆိုပါပွဲတော်ကို ဧပြီလ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဆယ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး  ဧပြီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ညပိုင်းတွင် ရဲမင်းသွေး ဇာတ်ပွဲဖြင့် ဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။

 

ခရိုင်၊ ပြန်/‌ဆက်