ပေါင်းတည်မြို့နယ်တွင် အသက် ၁၅ နှစ်မှ ၁၈နှစ်အတွင်း လူငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ကွင်းဆင်းထိုးနှံပေး

ပေါင်းတည် ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါင်းတည်မြို့နယ်တွင် အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်းရှိ လူငယ်များအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ကာကွယ်ဆေးထိုး အဖွဲ့ ၁၀ ဖွဲ့ဖြင့် ရပ်ကွက်/ ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိ​သည်။

ထိုသို့ ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့က မင်းကွက် ၂ ရပ်ကွက်တွင်(၄)ဦး၊ နွယ်ချို ၂ ရပ်ကွက်တွင်(၁၀)ဦး၊ ပျဉ်းပင်ကန်ရပ်ကွက်တွင်(၁၀)ဦး၊ ခေမာန်အုပ်စုတွင်(၂၀)ဦး၊ နွားခြံကုန်းအုပ်စုတွင်(၄)ဦး၊ မကြီးပင်အုပ်စုတွင်(၁၂)ဦး၊ ဆင်လူးတွင် (၄)ဦး၊ ရွာပုလဲတွင်(၁၄)ဦး၊ ညောင်ဖြူပင်တွင်(၁၀)ဦး ဆေးတစ်ကြိမ်တစ်ခါမျှမထိုးနှံရသေးသော လူငယ်စုစုပေါင်း(၈၈)ဦးကို ပထမအကြိမ် Sinovac အမျိုးအစား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)