ပန်းတနော် ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့သည် ရန်ကုန်-ပုသိမ် ကားလမ်းဘေးတွင်တည်ရှိသဖြင့် သန့်ရှင်းသာယာပြီး အမှိုက်ကင်းစင်သော မြို့ဖြစ်လာစေရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် မြို့အဝင်/ ထွက် ရန်ကုန်-ပုသိမ် ကားလမ်းဘေးတို့တွင်ရှိသည့် စွန့်ပစ်အမှိုက်များ ကောက်ယူခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှ နေ့စဉ်နံနက်ပိုင်းတွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက မြို့ပေါ်ရပ်ကွက် လမ်းဘေး ဝဲ/ယာ တစ်လျှောက်တို့တွင် စွန့်ပစ်ပလတ်စတစ်အမှိုက်များ ကောက်ယူခြင်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိပြီး အများပြည်သူ သွားလာနေသော လမ်း၊ တံတား၊ မြစ်ချောင်းများတွင် အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမပြုလုပ်ကြရန်နှင့် ပြည်သူများအနေဖြင့် သုံးစွဲပြီးအမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)