ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community-Centre) ၌ စာဖတ်ဝိုင်းကျင်းပ

ညောင်တုန်း  ဧပြီ  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသော "အနာဂတ်ကိုမျှော်တွေးပါ"စာအုပ်ဖြင့် ယနေ့နံနက် ၁၀နာရီ အချိန်က စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင် ဦး‌အေးကျော်နှင့် ဦးခင်ဇော်တို့က "အနာဂတ်ကိုမျှော်တွေးပါ" စာအုပ်မှ အနေခက်တဲ့ညတည၊ မိသားစုပရဟိတ၊ လောကစံနဲ့ လောကဓံ၊ အနာဂတ်ကိုမျှော်တွေးပါစသည့် စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့‌‌ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)