လပွတ္တာမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

လပွတ္တာ ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် နည်းပညာပြန့်ပွားရေးစင်တာ အောက်ချောင်း ကျေးရွာကွင်း၊ အမှတ် ၁၃/၄ ၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က ကျင်းပရာသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကွင်းအမှတ် ၅၈၁ ဧက အောက်ချောင်းကွင်း ၁၃/၄ ဒေါ်ခင်ရီ  မြေကွက် ၂၉၁ ဧရိယာ  ၁.၉၇ ဧက နွေစပါးစံကွက်ရိတ်သိမ်းရာ ၁ ဧကအစိုအထွက်နှုန်း ၁၄၃ တင်းထွက်ရှိကြောင်း သိရသည်။ ဆက်လက်၍ ဝန်ကြီးချုပ်က နွေစပါးစိုက်တောင်သူများထံ ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ)မျိုးစေ့ပေး အပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့များကို လယ်ကွင်း အတွင်းသို့  ကြဲပက်ခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင် ပြန်/ဆက်