ပန်းတနော်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား အိမ်တိုင်ရာ ရောက် လိုက်လံထိုးနှံပေး

ပန်းတနော် ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံ ရသေးသော ပြည်သူများအား ကာကွယ်ဆေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများက နေ့စဉ် ရပ်ကွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လိုက်လံထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက  ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက် (၄)ခုနှင့် ကျေးရွာ အုပ်စု (၅၂)အုပ်စုတို့တွင် သက်ဆိုင်ရာအဖွဲ့များခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား အိမ်တိုင် ရာရောက်လိုက်လံ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)